Oct 20, 2008

ချစ် သူ့ ကြိမ် စာ

  ကျွန် မ အ သက် ၁၇ နှစ် မှာ ကိုယ် ၀န် ဖျက် ချ ခဲ့ ရ တယ်။ ကျွန် မ ဖျက် ချ ချင် လို့ တော့ မ ဟုတ် ခဲ့ ဘူး။ ကလေး ရဲ့ အ ဖေ ကျွန် မ ရည်း စား က တာ ၀န် မယူ ချင် တော့ ဖျက် ချ ခိုင်း ခဲ့ တယ်။ ကျွန် မ ရဲ့ အ သက် အ ရွယ် က လဲ က လေး တစ် ယောက် ကို မိ ခင် တစ် ဦး တည်း မွေး ဖို့ အ တွက် လဲ ငယ် ရွယ် လွန်း တာ ကြောင့် သူ ဆဒ္ဒ အ တိုင်း ဖျက် ချ ခဲ့ ရ တယ်။
         အဲဒီ အ  ချိန်တုန်း က ဆ ရာ ၀န် ဟာ ကျွန် မ ဗိုက် ထဲ က က လေး ကို သတ် နေ တာ ကို ကျွန် မ သိ နေ ရ တယ်။ ပြီး တော့ ကြမ်း တမ်း တဲ့ စုပ် စက် နဲ့ ကျွန် မ ဗိုက် ထဲ က သ နြေ သား လေး ကို စုပ် ထုတ် ပစ် ခဲ့ တယ်။ ကျွန် မ အ တွက် တော့ အ လွန် ဆိုး ၀ါး တဲ့ ခံစား မှု ပေါ့။ ဘာ မှ လည်း မ တတ် နိုင် ခဲ့ ဘူး။
   စတီး ခွက် ထဲ ထည့်  ထား တဲ့ ကျွန် မ ရဲ့ က လေး ကို စိုက် ကြည့် ရင်း မျက် ရည် တွေ လိမ့် ဆင်း လာ ခဲ့ တယ်။ ကျွန် မ ရဲ့ အ ပြစ် မဲ့ တဲ့ က လေး တာ ၀န် မဲ့ တဲ့ သူ အ ဖေ ကြောင့် လူ့ လော က ထဲ ရောက် မ လာ နိုင် တော့ ဘူး ပေါ့။ ကျွန် မ သူ့ ကို စိတ် ထဲ က နေ အ ကြိမ် ကြိမ် ကြိမ်ဆဲ နေ မိ တယ်။
   ကျွန် မ က လေး ကို လို ချင် လို့ ဆ ရာ ၀န် ဆီ တောင်း ဆို တော့ ဆ ရာ ၀န် က ခွင့် မ ပြု ခဲ့ ဘူး။ ဒါ နဲ့ ကျွန် မ လဲ လို ချင် လွန်း တော့ က လေး ကို ဆေး ခန်း က နေ ခိုး ယူ ခဲ့  တယ်။ နောက် တော့ ဘာ လုပ် ရ မှန်း မ သိ တာ နဲ့ ဖန် ပု လင်း လေး ထဲ ထည့် သိမ်း ထား လိုက် တယ်။
      ကျွန် မ က လေး ရဲ့ အဖေ က မလေး လူ မျိုး လေ။ သူ့ ရဲ့ ရုပ် ရည် က ချော လွန်း လို့ မင်း သား နဲ့ တောင် မှား နိုင် တဲ့ ရုပ် မျိုး ပေါ့။ ဒါ ပေ မယ့် ရုပ် လှ သလောက် ဖ ခင် စိတ် ကင်း မဲ့ တဲ့၊ တာ ၀န် ယူ လို စိတ် မရှိ တဲ့  မျိုး ပေါ့။  သူ့မိ ဘ တွေ က ကျွန် မ ကို တရုတ် လူမျိုး မို့ သ ဘော မ တူ နိုင် လို့ ဆို တဲ့ အ ကြောင်း ပြ ချက် နဲ့ တင် သူ က ကျွန် မ ကို လမ်း ခွဲ ခဲ့ တာ လေ။ နောက် မှ အဲ ဒါ ဟာ သူ့ ရဲ့ ဆင် ခြေ တစ် ခု ဖြစ် မှန်း သိ ခဲ့ ရ တယ်။ ဘာ လို့ လဲ ဆို တော့ သူ့ ရဲ့ နောက် ရည်း စား က ကျွန် မ လို ပဲ တရုတ် လူ မျိုး ဖြစ် တဲ့ အ ပြင် သူ မ နဲ့ ကျ တော့ သူ့ မိ ဘတွေ က သ ဘော တူ တယ် တဲ့ လေ။ သူ တို့ လပ် ထပ် လိုက် တော့ ကျွန် မ နှ လုံး သား ကို ဓား နဲ့ မွှန်း သ လို ခံ စား ရ တယ်။
   ကျွန် မ ဘာ လုပ် ရ မ လဲ ဆို တာ အ ခု ကျွန် မ သိ ပြီ။ ကျွန် မ တို့ ရဲ့ က လေး ကို အ သုံး ပြု ပြီး တော့ ပေါ့။
    အဲ ဒါ နဲ့ က လေး ကို ကျွန် မ စုံး လို လို၊ နတ် ဆ ရာ လို လို ဆ ရာ တစ် ယောက် ဆီ ယူ သွား ခဲ့ တယ်။ ကျွန် မ ရဲ့ ရည်း စား နဲ့ သူ့ မိန်း မ ကို ကြိမ် စာ တိုက် ရ မယ်။
    အဲဒီ စုန်း ဆ ရာ က သူ့ ရဲ့ အ ၀ါ ရောင် စာ ရွက် က လေး တစ် ရွက် ယူ၊ မီး ရှို့ ပြာ ချ ပြီး ရေ ခွက် ထဲ ထည့် လိုက် တယ်။ ပြီး တော့ ကျွန် မ ကို သောက် ခိုင်း တယ်။ နောက် တော့ ကြောက် စ ရာ ကောင်း ပြီး ချို ပါ တဲ့ အ ရုပ် က လေး တစ် ရုပ် ပေး တယ်။ ယိုး ဒ ယား နတ် ဘု ရား တဲ့။ ဒါ ကို ပဲ ကိုး ကွယ် တဲ့။ ကျွန် မ သူ ပြော တဲ့ အ တိုင်း တ သွေ မ တိမ်း လိုက် နာ ခဲ့ တယ်။ ခု ချိန် မှာ လက် စား ချေ ဖို့ က အ ဓိ က ပဲ လေ။
     ဒီ လို့ နဲ့ ပဲ ကောင်း ကောင်း လက် စား ချေ နိုင် ခဲ့ တယ်။ သူ နဲ့ သူ့ မိန်း မ တို့ ကား အက် ဆီး ဒင့် ဖြစ် ပြီး မ သေ ရုံ တ မယ် ပေါ့။ သူ က တော့ အ မာ ရွတ် အ ကြီး ကြီး ထင် ကျန် တဲ့ အ ပြင် မျက် လုံး တစ် ဘက် လဲ ကွယ် သွား ခဲ့ တယ်။ လမ်း လျှေက် ရင် ခြေ တစ် ဘက် ဆာ နေ တဲ့ အ ပြင် က လေး ပါ မ ရ နိုင် တော့ ဘူး လေ။ သူ့ ရဲ့ မိန်း မ က တော့ သား အိမ် ကို ထိ မိ ပြီး သား အိမ် ထုတ် လိုက် တော့ ကိုယ် ၀န် ဆောင် ဖို့ ဆို တာ မ ဖြစ် နိုင် တော့ ဘူး ပေါ့။
အဲ ဒီ သ တင်း ဟာ ကျွန် မ အ တွက် တော့ ၀မ်း သာ စ ရာ အ ကောင်း ဆုံး သ တင်း ပေါ့။ ကျွန် မ သူ တို့ အိမ် ကို သွား တယ်။ က လေး ထည့် ထား တဲ့ ဖန် ပု လင်း လေး ပါ ယူ သွား တယ်။ လူ့ လော က ထဲ ရောက် ခွင့် မ ရ ခဲ့ တဲ့ ကျွန် မ ရဲ့ အ ပြစ် မဲ့ တဲ့ က လေး လေး ပေါ့။ 
 " ရှင် တို့ နှစ် ယောက် က လေး မ ရ နိုင် တော့ ဘူး လို့ ကြား တယ်။ ဒါ ပေ မယ့် စိတ် မ ညစ် ပါ နဲ့ ရှင့် ဆီ မှာ ဒီ က လေး ရှိ တယ် လေ " လို့ ပြော ပြီး က လေး ထည့် ထား တဲ့ ဖန် ပု လေး ကို ပြ လိုက် တယ်။ ပြီ တော့ တ ကယ့် က လေး လို ကျွန် မ ရင် ခွင် ထဲ ထည့် ပြီး ချော့ မြူ ပြ လိုက် တယ်။
  သူ့ မိန်း မ စိတ် မ ထိန်း နိုင် ပဲ ရှိုက် ကြီး တ ငင် ငို ပါ တော့ တယ်။
သူ က တော့ က ယောင် ခြောက် ခြား ဖြစ် ပြီး ကျွန် မ ကို မောင်း ထုတ် တော့ တာ ပဲ။
    ကျွန် မ အိမ် အ ပြန် လမ်း တစ် လျှေက် လုံး ရယ် နေ မိ တယ်။ 
ကျွန် မ သူ ငယ် ချင်း ပြော ဘူး တယ် " စိတ် ထဲ မှာ ဘာ မှ ထား မ နေ နဲ့ လက် စား သာ ချေ လိုက် " တဲ့။ အ ခု သူ ပြော တဲ့ အ တိုင်း ကျွန် မ လုပ် နိုင် ခဲ့ ပြီ ပေါ့။
     က လဲ့ စား ခြေ တယ် ဆို တာ နာ မည် သာ ဆိုး တာ တ ကယ် တော့ အ လွန် ချို မြိန် တယ် လေ.... 
  
True Singapore Ghost Stories 7 မှ Nicole Ang ၏ Lover's Revenge အား ဘာ သာ ပြန်  ဆို ထား ခြင်း ဖြစ် ပါ သည်။

No comments: