May 4, 2009

“မေမေ၊ ဟိုမှာကြည့်စမ်း၊ သူခိုးကို လူအုပ်က လိုက်ဖမ်းနေတယ်”

စားသောက်ဆိုင်မှ ထွက်လာသော အရက်မူးသမား တစ်ယောက်သည် လမ်းထောင့်တစ် နေရာတွင် အပေါ့သွားသည်။
ဤသည်ကို ရဲသားက မြင်သဖြင့် အော်ပြောသည်။

“ဟေ့လူ၊ ကိုယ့်ပစ္စည်းကို ၀ှက်လိုက်စမ်း၊ ရပ်လိုက်စမ်း”

အိမ်သို့ပြန် ရောက်သော အခါ ဇိုးသမားက မိမိ၏ဇနီးကို ပြောသည်။

“ငါ ဒီနေ့ ပုလိပ် ကိုတစ်ပတ် ရိုက် လိုက်တယ်၊ သူက ပစ္စည်းကို ၀ှက်လိုက်၊ ရပ်လိုက်လို့ အမိန့်ပေး တယ်၊
 ငါဝှက်ပဲ ၀ှက်လိုက်တယ်၊ ဒါပေမယ့် မရပ်လိုက်ဘူး၊ ဟဲဟဲ။”

ပြေး ကြည့်စမ်း

“မေမေ၊ ဟိုမှာကြည့်စမ်း၊ သူခိုးကို လူအုပ်က လိုက်ဖမ်းနေတယ်”

“ဟဲ့ မြန်မြန်သွား ကြည့်စမ်း။ သားတို့အဖေ များဖြစ်နေ မလားလို့”

ခုတ်တယ်၊ ထစ်တယ်

ဆေးရုံတွင်ဖြစ်သည်။ လူနာများ အခန်းသို့ ခွဲစိတ် ဆရာဝန် နှင့် ၄င်း၏လက် ထောက်တို့ ပုစိန် တစ်လက် ကိုင်လျက်ဝင်လာ သည်။
ဆရာဝန် ကစာရွက်ကို ဖြန့်ကာ ဖတ်သည်။

“မောင်မြ၊ ညာခြေထောက် ကိုဖြတ်ရ မယ်”

“ဒုတ်”

“ဦးဘမောင်၊ ဘယ်ခြေထောက် ကို ဖြတ်ရမယ်”

“ဒုတ်”

“ဦးဘမောင်၊ ညာလက်ကို ဖြတ်ရမယ်”

“ဒုတ်”

“လက်လို့ ကျုပ်ပြောတယ်”

“ဒုတ်”

“ညာလက် လို့ကျုပ်ပြောတယ်”

“ဒုတ်”

Apr 7, 2009

မသိစေရဘူး

ယောင်္ကျား...ခင်ရယ် ခင့်ကိုမောင်သိပ်ချစ်တာပဲ
မောင့်အပေါ် သစ္စာဖောက်တယ် လို့များ သိရလို့ကတော့ မလွယ်ဘူးမှတ်
မိန်းမ...... စိတ်ချပါမောင်
မောင် မသိစေရပါဘူး....

မီးသတ်သမားဘယ်မှာလဲ

ယောင်္ကျားလုပ်သူ အလုပ်မှ ည၁၂ နာရီကျော် အိမ်ပြန်ရောက် လာသည်။
မိန်းမ မနိုးအောင် အ၀တ်အစား လဲပြီး အိပ်ရာဝင် မည်လုပ်ရာ မိန်းမက
"မောင်.. ခင်ခေါင်းတွေအရမ်း ကိုက်နေလို့ တစ်ညလုံးတရေး မှမအိပ်ရသေးဘူး
အဲဒါ တစ်လမ်းကျော်က ညလုံးပေါက် ဖွင့်တဲ့ ဆေးဆိုင်မှာ ခေါင်းကိုက် ပြောက်ဆေး ၀ယ်ပေးပါလားကွယ်"
သို့နှင့် အ၀တ် အစားပြန် လဲပြီး ဆေးဆိုင်သွားသည်။ ဆိုင်ရောက်တော့ ဆိုင်ရှင်က
"မောင်ရင် က ဟိုဘက်လမ်းက ရဲသား မောင်မြ မဟုတ်လား"
"ဟုတ်ပါတယ်ဗျ "
"ဒါဆိုဘာလို့မီးသတ်သမား ယူနီဖောင်းကို ၀တ်ထားရတာလဲ"

အနိုင်ရသူ

အခန်းထဲသို့ အစ်မကြီးဖြစ်သူ ၀င်လာပြီး ညီမငယ် ဖြစ်သူ ကိုမေးသည်။

"ဟဲ့မောင်လေး ပီတာကောကွယ်"

"သူမရှိဘူး၊ ငယ်ငယ် နဲ့သူနဲ့ ပြတင်းပေါက် ကနေ ဘယ်သူပိုဝေးအောင် ခေါင်းပြူထုတ် နိုင်သလဲဆို တာ ပြိုင်ကြ တယ်"

"အဲဒီတော့..."

"သူနိုင် သွားတယ်လေ။"