May 4, 2009

“မေမေ၊ ဟိုမှာကြည့်စမ်း၊ သူခိုးကို လူအုပ်က လိုက်ဖမ်းနေတယ်”

စားသောက်ဆိုင်မှ ထွက်လာသော အရက်မူးသမား တစ်ယောက်သည် လမ်းထောင့်တစ် နေရာတွင် အပေါ့သွားသည်။
ဤသည်ကို ရဲသားက မြင်သဖြင့် အော်ပြောသည်။

“ဟေ့လူ၊ ကိုယ့်ပစ္စည်းကို ၀ှက်လိုက်စမ်း၊ ရပ်လိုက်စမ်း”

အိမ်သို့ပြန် ရောက်သော အခါ ဇိုးသမားက မိမိ၏ဇနီးကို ပြောသည်။

“ငါ ဒီနေ့ ပုလိပ် ကိုတစ်ပတ် ရိုက် လိုက်တယ်၊ သူက ပစ္စည်းကို ၀ှက်လိုက်၊ ရပ်လိုက်လို့ အမိန့်ပေး တယ်၊
 ငါဝှက်ပဲ ၀ှက်လိုက်တယ်၊ ဒါပေမယ့် မရပ်လိုက်ဘူး၊ ဟဲဟဲ။”

ပြေး ကြည့်စမ်း

“မေမေ၊ ဟိုမှာကြည့်စမ်း၊ သူခိုးကို လူအုပ်က လိုက်ဖမ်းနေတယ်”

“ဟဲ့ မြန်မြန်သွား ကြည့်စမ်း။ သားတို့အဖေ များဖြစ်နေ မလားလို့”

ခုတ်တယ်၊ ထစ်တယ်

ဆေးရုံတွင်ဖြစ်သည်။ လူနာများ အခန်းသို့ ခွဲစိတ် ဆရာဝန် နှင့် ၄င်း၏လက် ထောက်တို့ ပုစိန် တစ်လက် ကိုင်လျက်ဝင်လာ သည်။
ဆရာဝန် ကစာရွက်ကို ဖြန့်ကာ ဖတ်သည်။

“မောင်မြ၊ ညာခြေထောက် ကိုဖြတ်ရ မယ်”

“ဒုတ်”

“ဦးဘမောင်၊ ဘယ်ခြေထောက် ကို ဖြတ်ရမယ်”

“ဒုတ်”

“ဦးဘမောင်၊ ညာလက်ကို ဖြတ်ရမယ်”

“ဒုတ်”

“လက်လို့ ကျုပ်ပြောတယ်”

“ဒုတ်”

“ညာလက် လို့ကျုပ်ပြောတယ်”

“ဒုတ်”