Apr 7, 2009

မသိစေရဘူး

ယောင်္ကျား...ခင်ရယ် ခင့်ကိုမောင်သိပ်ချစ်တာပဲ
မောင့်အပေါ် သစ္စာဖောက်တယ် လို့များ သိရလို့ကတော့ မလွယ်ဘူးမှတ်
မိန်းမ...... စိတ်ချပါမောင်
မောင် မသိစေရပါဘူး....

မီးသတ်သမားဘယ်မှာလဲ

ယောင်္ကျားလုပ်သူ အလုပ်မှ ည၁၂ နာရီကျော် အိမ်ပြန်ရောက် လာသည်။
မိန်းမ မနိုးအောင် အ၀တ်အစား လဲပြီး အိပ်ရာဝင် မည်လုပ်ရာ မိန်းမက
"မောင်.. ခင်ခေါင်းတွေအရမ်း ကိုက်နေလို့ တစ်ညလုံးတရေး မှမအိပ်ရသေးဘူး
အဲဒါ တစ်လမ်းကျော်က ညလုံးပေါက် ဖွင့်တဲ့ ဆေးဆိုင်မှာ ခေါင်းကိုက် ပြောက်ဆေး ၀ယ်ပေးပါလားကွယ်"
သို့နှင့် အ၀တ် အစားပြန် လဲပြီး ဆေးဆိုင်သွားသည်။ ဆိုင်ရောက်တော့ ဆိုင်ရှင်က
"မောင်ရင် က ဟိုဘက်လမ်းက ရဲသား မောင်မြ မဟုတ်လား"
"ဟုတ်ပါတယ်ဗျ "
"ဒါဆိုဘာလို့မီးသတ်သမား ယူနီဖောင်းကို ၀တ်ထားရတာလဲ"

အနိုင်ရသူ

အခန်းထဲသို့ အစ်မကြီးဖြစ်သူ ၀င်လာပြီး ညီမငယ် ဖြစ်သူ ကိုမေးသည်။

"ဟဲ့မောင်လေး ပီတာကောကွယ်"

"သူမရှိဘူး၊ ငယ်ငယ် နဲ့သူနဲ့ ပြတင်းပေါက် ကနေ ဘယ်သူပိုဝေးအောင် ခေါင်းပြူထုတ် နိုင်သလဲဆို တာ ပြိုင်ကြ တယ်"

"အဲဒီတော့..."

"သူနိုင် သွားတယ်လေ။"