Apr 7, 2009

မီးသတ်သမားဘယ်မှာလဲ

ယောင်္ကျားလုပ်သူ အလုပ်မှ ည၁၂ နာရီကျော် အိမ်ပြန်ရောက် လာသည်။
မိန်းမ မနိုးအောင် အ၀တ်အစား လဲပြီး အိပ်ရာဝင် မည်လုပ်ရာ မိန်းမက
"မောင်.. ခင်ခေါင်းတွေအရမ်း ကိုက်နေလို့ တစ်ညလုံးတရေး မှမအိပ်ရသေးဘူး
အဲဒါ တစ်လမ်းကျော်က ညလုံးပေါက် ဖွင့်တဲ့ ဆေးဆိုင်မှာ ခေါင်းကိုက် ပြောက်ဆေး ၀ယ်ပေးပါလားကွယ်"
သို့နှင့် အ၀တ် အစားပြန် လဲပြီး ဆေးဆိုင်သွားသည်။ ဆိုင်ရောက်တော့ ဆိုင်ရှင်က
"မောင်ရင် က ဟိုဘက်လမ်းက ရဲသား မောင်မြ မဟုတ်လား"
"ဟုတ်ပါတယ်ဗျ "
"ဒါဆိုဘာလို့မီးသတ်သမား ယူနီဖောင်းကို ၀တ်ထားရတာလဲ"

No comments: