Oct 14, 2008

တမလွန်မှ ဆရာမ

ကျွန်မ PSLE စာမေးပွဲ မဖြေခင် တုန်းကပေါ့ ၊ ကျွန်မက သင်္ချာမှာ အား နည်း တော့ အမေက ကျူရှင် ဆရာမ ငှါးပေး ခဲ့တယ်။ ဆရာမ ရဲ့ နာမည်က စနိုး လို့ခေါ် ပြီး ကျွန်မ သူမကို အရမ်း နှစ်သက် မြတ် နိုး တယ်။ ဆရာမ ဟာ လှ ပ ပြီိီး စွဲ ဆောင် မှု ရှိ တော့ မင်း သမီး တောင် သူမ လောက် မချော နိုင် ဘူး လို့ ကျွန်မ ထင်တယ်။ ဒါ့ အပြင် ဆရာမ ဟာ ယဉ် ကျေး ပျူ ငှါ ပြီး ကျွန်မ အပေါ် လည်း တော် တော် လေး ဂရု စိုက်တယ်။ ဘာလို့ လဲဆို တော့ ကျွန်မ က သင်္ချာ ညံ့ ရုံ မက စာမေး ပွဲပါ ကျ လိုက် သေး လို့ လေ
"သမီး ဂျူးလီ ကြိုး စား ပါ ပြီးတော့ သမီး က ကိုယ့် ကိုယ်ကို ယုံ ကြည် မှုလဲ မရှိ ဘူး " လို့ ကျွန်မ ကို အမြဲပြော တယ်။ ဒါကြောင့် ကျွန်မ ကို ပိုတော် လာ အောင် စာသင်ပေး တယ် ကိုယ့်ကိုယ် ကို ယုံ ကြည် မှုရှိ လာ အောင် လဲ အမြဲ အား ပေးတယ်။ တ ကယ် တော့ သူမ ဟာဆရာမ သက်သက် တင် မဟုတ် ပဲ အား ပေးဖော် သူငယ် ချင်း တ ယောက် လဲ ဖြစ် တယ်။
စနေ နေ့တွေမှာ ဆရာမ ဟာ ကျွန်မ နဲ့ မောင်လေး ကို ခေါ် ပြီး ရုပ် ရှင် လဲ လိုက်ပြ တတ် တယ်။ ကျွန်မ ကတော့ မောင် လေး ပါ ခေါ် လာ တာ ကို သဘော မကျ ပါဘူး ပြေး လိုက် ဆော့ လိုက် နဲ့ သူ့ပဲကြည့်နေရ တော့ ဆရာမ နဲ့ ကျွန်မ စကား ကောင်း ကောင်း မပြော ရတော့ဘူး ပေါ။့ ပြီးတော့ ဆရာမ က မောင် လေး ကို ဂရုစိုက် နေတော့ ကျွန်မ မနာလို လဲဖြစ် မိ တာပေါ့။ ကျွန်မ က ကျွန်မနဲ့ဆရာမ နဲ့ ၂ ယောက် တည်း ပဲ သွား ချင် တာ လေ။
ရောက် လေရာ နေရာ တိုင်း ယောင်္ကျား တွေ က ဆရာမ ကို ပေါ် တင် ရောမသိ မသာ ပါ ငမ်း ကြတယ်။ တ ယောက် ဆိုရင် လာပြီး ရော တယ်။ ဆရာမ က စိတ် မဝင်စား တော့ ယဉ် ယဉ် ကျေး ကျေး ပဲ ငြင်း လိုက် တယ်။ ကျွန်မ ဆရာမ ကအဲ လို သိက္ခာ ရှိ တဲ့မိန်း ကလေးပေါ့။
ဆရာမ က ခရိယျာန် ဘာသာ ဝင် ဆို တော့ ကျွန်မ ကို တနင်္ဂနွေနေ့ တိုင်း ဘုရား ကျောင်း ကို ခေါ် သွား တယ်။ အမေ က အဲဒီ အချိန် က စပြီး ဆရာ မ ကို သဘော မကျ တော့ဘူး ။ ကျွန်မတို့ တစ် မိ သား စု လုးံ က ဗုဒ္ဒ ဘာသာ ဝင် တွေမို့လေ ။ ကျွန်မက အဲ ဒါတွေကို ဂရုမစိုက် ပါ ဘူး ။ ဘုရား ကျောင်း မှာ သီချင်းဆို တဲ့ ဆရာမ ရဲ့ အသံ ကို ကျွန်မ အ ရမ်း သဘော ကျ တယ်။ ပြီးတော့ ဆရာမ လည် ပင်း မှာ ရွှေ လက် ဝါးကပ် တိုင် လေး လဲ ဆွဲ ထား တယ်။ ကျွန်မ အရမ်း လို ချင် လို့အ ဖေ့ ကို ပူ စာ တော့ ....
"ဘုရား ရေ လက် ဝါး ကပ်တိုင်? ဘာလဲ? ညည်း ဆရာမ ဆွဲ ထား တာ မျိုး လား? အဲ ဒါက ညည်း နဲ့ဘာဆိုင် လို့လဲ သူက သူ ဘာသာ မို့ သူ ဆွဲ တာ။
ပြီး တော့ အဲလို သေး သေး မွှား မွှားတွေ ကို ပိုက် ဆံမရှိ တဲ့ ငမွှဲ တွေပဲ ဂုဏ် လုပ်ပြီး ဝတ် ကြတာ။ ကိုယ့်စာ ပဲ ကိုယ် အာရုံ စိုက်။ စာမေး ပွဲအောင် ရင် ရွှေ ဆွဲ ကြိုး ကြီး ကြီး တုတ် တုတ် ကြီး လုပ် ပေး မယ်။ ဟုတ်ပြီ လား?" ဆို ပြီးဆူ လိုက်တာ အ ရမ်း ပဲ။
အဲဒီလို သူများ ကို နှိမ်ရ ပါ့ မလား ဆို ပြီး အ ဖေ့ကို စိတ်ဆိုး တယ်။ အဖေ က တခါတလေ မာနကြီး ချင်တယ်။ ဆရာမ မှာငွေ မ ရှိလို့ အဖေက အ ထင် သေး တာကို လဲမုန်း တယ်။ လူတွေဟာငွေမ ရှိရင် တန်းဖို မရှိ တော့ဘူး တဲ့လား? ငွေနဲ့ စာရိတ္တ က တခြား ဆီပါ။
တနင်္ဂနွေတစ် နေ့ဘု ရား ကျောင်း က အ ပြန် ဆရာမ ချောင်း ဆိုး တော့ သွေး တွေပါ လာ တယ်။ ကျွန် မ စိတ် တွေပူ ပြီး ဘာ လုပ် ရမယ် မှန်း မသိ တော့ အနီး အ နား က လူတွေက ဆရာမ ကို ဆေး ရုံ ပို့ ပေး ကြတယ်။ ဆရာ ဝန် ကပြောတယ် ဆရာမ မှာ TB ရော ဂါရှိနေ ပြီ တဲ့လေ။
ကျွန်မ ချစ် တဲ့ ဆရာမ နဲ့ ခွဲရတော့ မယ်။ ဘာ လို့လဲ ဆို တော့ ဆရာမ ရဲ့ရောဂါ က ကူး စက် ရောဂါဆို တော့ ကျွန်မ ကို စာသင် ပေး ဖို့ဆို တာ မဖြစ် နိုင် တော့ ဘူးလေ။ အမေက နောက် ကျူရှင် ဆရာ တစ်ယောက် ခေါ် ပေး မယ် ဆိုတော့ "မလို ချင်ဘူး.. မလို ချင်ဘူး.. သမီး ရဲ့ ဆရာမ က ဆရာမ စနိုးပဲ" ပြော ရင်းနဲ့ မျက် ရည်တွေ က ပါး တဘတ် တချက် ကနေ ကျလာ တယ်။ စိတ် ထဲမှာ ဝမ်း နည်းနေ တာပဲသိ တယ်။
အဲဒါ နဲ့ အစမ်း စာမေး ပွဲတွေမှာ ကျွန်မ ကျပါလေရော။ အဲဒီ တော့ အမေ က အတင်း နောက် ဆရာ တယောက် ရှာပေး တယ်။ အခုတစ် ခေါက် တော့ ဆရာမ မ ဟုတ်တော့ဘူး ။ ဆရာ။ သူ့ကို မုန်းလွန်း လို့ သူ့နာမည် တောင် ပြောမ ပြ ချင် ဘူး။
အခု ဆရာ က စိတ်ထား သိပ်မ ကောင်းဘူး။ စာ သင်တာကို လဲတာ ဝန်တခု လိုပဲ သဘောထား ပြီး ကျွန်မ အ ပေါ် လဲ စေတနာ မထား ဘူး။
ပိုက်ဆံရ ဖို့ ပဲတွေးတယ် လာတော့ နောက်ကျ မှ လာပြီး ပြန် တော့ စောစော ပြန်တယ်။ ရောက်လာပြန် ရင်လဲ စာကောင်း ကောင်း မသင်တဲ့ အပြင် နာရီ ဝက် တခါ အပြင်ထွက် ပြီး ဆေးလိပ် သောက်တယ်။ ဆေးလိပ် မသောက် ရရင် မနေနိုင် ဘူးတဲ့လေ။
သူတစ် ခါပြော ဘူးတယ်... "ဖြေနိုင် ရင် အောင် မှာပေါ့... မဖြေနိုင် ရင်ကျမှာပေါ့ ။ ဒါပဲ ရှိတာ ငါ ကဘာလုပ် ပေးရမှာလဲ မင်း အစား ဝင် ဖြေပေး ရမှာလား" တဲ့လေ။ ကျွန်မဖြင့် သူ့ဆီ က အဲလို စကား မျိုး ကြား ရလိမ့် မယ် လို့ထင် မထားမိ ဘူး။ အံ့လဲ အံ့သြတယ် ရင်ထဲမှာလဲ နာကြည်း သွား တယ်။ အမေ့ ကို ပြောပြ တော့ စာမေးပွဲ ကြီး နီးလို့ ဆရာပြောင်း လို့ မဖြစ် နိုင်တော့ ဘူးတဲ့။ ကျွန်မပဲ အရှူံး ပေး လိုက်ရ တယ်။
အဲလိုနဲ့ စာမေး ပွဲကြီး ရောက်လာ တယ်။ သင်္ချာကို နောက်ဆုံး မှဖြေရ မှာ။ သင်္ချာ မဖြေခင် ညမှာ ကျွန်မ စိတ်တွေ လှုပ်ရှား လွန်း ပြီး ဘယ်လို မှ အိပ် လို့ မရဘူး။ မေး ခွန်း ဟောင်း ပြန်ကြည့် ဖို့ စဉ်း စား မိတော့ လဲ ည အိပ် ရေး ဝ မှ မနက်မှာ လန်း လန်း ဆန်း ဆန်း နဲ့ ဖြေ နိုင် မှာ ဆိုပြီး ပြန် အိပ် တော့ လဲအိပ်လို့ မရပြန်ဘူး။
တစ်အိမ် လုံး ကတော့ အိပ် မော ကျ နေ ကြပြီ။ ရုတ် တရက် တံခါး ဘဲလ် သံကြား ရ တော့ အချိန် မတော် ဘယ် သူများ လဲလို့ ကြည့် တော့... ကျွန်မ ချစ် တဲ့ ဆရာမ ဖြစ် နေ တယ် "ဆရာမ နဲနဲ သက် သာလာ တာ နဲ့ သမီး ကို စိတ်ပူ လို့ လာခဲ့ တာ" ကျွန်မ လဲ ဝမ်း သာ အား ရနဲ့ ဆရာမ ကို အိမ် ထဲ ခေါ် ပြီး စကား ပြော ကြ တယ်။ ဆရာမ ဟာ ကျန်း မာ ရွှင်လန်း နေ တယ်။ ဒါပေ မယ့် အရင် ကလောက်တော့ မလှတော့ ဘူး။ အဲဒါ က ကျွန်မ အတွက် အရေး မကြီး ပါ ဘူး။
သမီး အာလုံး ကသမီး တွက် ပြီးသား ပုစ္ဆာ တွေပဲ... ကိုယ့် ကိုယ် ကို ယုံကြည် ပါ... သမီး ဖြေနိုင်မယ် လို့ ဆရာမ ယုံ တယ်..." ဘာလို့လဲဆို တော့ ဆရာမ သမီး ကိုယုံ လိုလေ အဲဒီ လိုပြော ပြီး သူ့ လည် ပင်း မှာ ဆွဲထား တဲ့ ရွှေ လက် ဝါး ကပ် တိုင် လေး ကို ကျွန်မ ကိုပေး တယ်။ ကျွန်မ အံ့လဲ အံ့သြ ဝမ်း လဲ ဝမ်း သာမိ တယ်။
" ဒါ လေးယူ ထား သမီး ဒါလေး က သမီး ကို ကိုယ့် ကိုယ် ကို ယုံ ကြည် မှုရှိ စေ ပြီး ကံလဲ ကောင်း စေ မှာပါ " ဆရာမ နဲ့ စကား ပြော လိုက် ရတော့ ကျွန်မရဲ့ ကြောက် စိတ် တွေလဲ ဘယ် ရောက်သွာ မှန်း မသိ တော့ပါ ဘူး။ အဲဒီ ညက ဆရာမပြန် သွားတော့ ကျွန်မ ချက် ချင်းပဲ အိပ် ပျော်သွား တော့ တယ်။
နောက် နေ့မနက် အိပ် ရာ နိုး တော့လန်း ဆန်း တက် ကြွပြီး စိတ် တွေလဲ ပေါ့ ပါးလို့ပေါ့။ စာမေးပွဲ ကလဲ ကျွန်မ သိတာတွေ ပဲ မေး တယ် လို့ထင် ရလောက် အောင် လွယ် ကူ စွာ နဲ့ ဖြေ နိုင်ခဲ့တယ်။ ကျွန်မ မေး ခွန်း အားလုံး နီးပါး ကို မှန် အောင် ဖြေနိုင် ခဲ့ တယ်။ အောင်ဖို့ကတော့ ကြိမ်း သေပြီပေါ့။
ကျွန်မ အရမ်း ပျော် တာပေါ့။ ဆရာမ က ကျွန်မ အလို အပ် ဆုံး အချိန် မှာ ရောက် လာခဲ့ လို့ပေါ့။ အားလုံး ဆရာမ ကျေးဇူး တွေပဲပေါ့။ ဒါနဲ့ အိမ် ရောက် တော့ အမေ့ ကို ပြော ပြပြီး ဆရာမ ဆီ သွား ရအောင် ပြီး ရင် ဆရာမ နဲ့အ တူတူ တခုခု သွား စားရအောင်လို့... " မဖြစ် နိုင်ဘူး သမီး အမေ တို့သမီး ကို စာမေး ပွဲတွင်း မို့ စိတ် ဆင်း ရဲမှာ စိုး လို့ ပြောမပြ တာ " လို့ အမေကပြော တယ်။
" ဘာဖြစ် လို့လဲ အမေ သမီး ကို ပြော ပါ... သမီး ကို ပြော ပြပါ... " ကျွန်မ ရင်ထဲမှာ ဆို့ နင့် လာပြီး မျက် ရည် တွေလဲ အလို လို ကျ လာ တယ်။ သတင်း ဆို ဖြစ် လိမ့်လို့ စိတ် ထဲက အ လိုလို ထင်နေတယ်။ သမီး ရဲ့ ဆရာမ TB ရောဂါနဲ့ ဆုံးသွား တာ၂ ပတ် တောင် ရှိပြီတဲ့။
" မဖြစ် နိုင် ဘူး..... လုံးဝ မဖြစ် နိုင်ဘူး... " လို့ ကျွန်မ အော်ဟစ် ရင်း လုံး သ တိလစ် သွား တော့တယ်။
ကျွန်မ သတိရလာ တော့ စာမေးပွဲ မဖြေခင် ညက ဆရာမ သမီး ဆီသွား လာတဲ့ အကြောင်း အဖေ နဲ့အမေ ကို ပြော ပြ တော့ သူတို့ လန့်သွား ကြတယ်။ အဖေက ကျွန်မ ကယောင် ကတမ်း နဲ့ စိတ် ပင်ပန်း လို့ အိမ် မက် ကို စိတ်စွဲ ရာ မက်တာ လို့ပြော တယ်။ မ ဟုတ် ဘူး ဆရာမ သမီး ဆီကို တကယ် လာ ခဲ့တာလို့ ကျွန်မ ငြင်း တယ်။
" သမီး ဒီလို အဓိ ပ္ပာယ် မရှိ တာတွေ ကို ဆက်ပြောနေ ဦး မယ် ဆိုရင် အဖေ တို့ သ မီး ကို ရိုက် ရလိမ့် မယ် " လို့ ပြော ရ တဲ့အ ထိ ပေါ့။
ကျွန်မ စိတ်အ ရမ်း ဆိုးပြီး တ ကိုယ် လုံး လဲ တုန် ယင် လာတယ်။ ငိုချင် စိတ် ကိုလဲ မနဲ ထိန်း ထား ရတယ်။ ကျွန်မ မ မှား ဘူး။ ဆရာမ ကျွန်မ ဆီ တကယ် လာခဲ့တာလေ။ ရုတ်တရက် ကျွန်မ အင် အား တခုခု ကို ရလိုက်သလို ဖြစ် ပြီး စိတ်လဲ နဲနဲ ငြိမ် လာ တယ်။ ဆရာမ ပေး ထား ခဲ့ တဲ့ လက်ဝါး ကပ် တိုင် လေး ကိုလက် နဲ့ စမ်း မိ တယ်။
သမီး မ လိမ်ဘူး အိပ်မက် မက် တာ လဲ မ ဟုတ် ဘူး ဆို တာ ကို သမီး သက် သေပြ မယ် ဆိုပြီး အဲ ည ကဆရာမ ပေး ထာ ခဲ့ တဲ့ ရွှေလက် ဝါး ကပ်တိုင် လေး ကိုပြ လိုက် တယ်။
အဖေ နဲ့ အ မေ လဲ ကြက် သေ သေ ပြီး ဘာမှ မပြော နိုင် ကြ တော့ ဘူး...
ဆရာမ TB ရော ဂါ စဖြစ် က တည်း က ဆရာမ နဲ့ အ ဆက် အသွယ် မရှိတော့ တာ သူတို့ အ သိပဲကိုး ......


Ture Singapore Ghost Stories 7 မှ Julia Ho (14 years, student) အား ဘာ သာပြန်ခြင်း ဖြစ် ပါသည်။

No comments: