Oct 16, 2008

သန်း ခေါငိ ယံ ခြောက် လှန့်ခံရမှု

            တစ်ချိန်က ဆိုရင် ကျွန်တော်ဟာ သရဲ ခြောက်ခံရတယ် လို့ဆိုလာ သူတွေ ကို လှောင် ပြောင်ခဲ့ ဘူးတယ်။ "အဓိပါယ် မရှိတာ ပဲ"ဟုစိတ် ထဲမှ ရေရွတ် ဘူးတယ်။ ဒါပေမယ့် တစ်ည ထဲမှာပဲ သရဲ၂ကောင် နဲ့တွေ့ခဲ့ရ ပြီး ၀ိဥာဉ် လွင့်မတတ် ကြောက်ရွံခဲ့ ရပြီး မှာတော့ မရယ် နိုင်တော့ ပါဘူး။ အခုထိ တောင် အဲဒီ အဖြစ် အပျက် ကို စဉ်းစားမိ တိုင်း ကြက်သီး မွှေးညှင်း ထဆဲပါ။
           အဖြစ် အပျက် ကတော့ဗျာ... ကျွန်တော်က ကားဒရိုင်ဘာ ဆိုတော့ ကန်ပုန်ဘာရုလမ်း မှာ ခရီးသည် ရှာတုန်းကပေါ့။ ကားကက်ဆက်လေး ဖွင့်ပြီး သီချင်းတ အေးအေး နဲ့ပေါ့ဗျာ။ အချိန် ကတော့ ည၁၂နာရီ ကျော်လို့ ၂၅မိနစ် တောင်ရှိပေါ့။ အဲဒီမှာပဲ ကျွန်တော့် ကားမီးရောင်နဲ့ တွေ့လိုက်တာက အမျိုးသမီး တစ်ယောက် လက်ရမ်း ပြပြီး ကားကို တားပါလေရော။
       သူမဟာ အဖြူရောင် ၀တ်စုံကို ၀တ်ဆင်ထားပြီး ဘယ်ဘက် လက်မှာလဲ တစုံတခုကို သယ်လာပါတယ်။ အ၀တ်စနဲ့ ဖုံးအုပ်ထားတယ်။ ကျွန်တော် ကတော့ ကလေး လေးလို့ ထင်တယ်။
      ရှည်လျားလှတဲ့ ဆံပင် တွေဟာ သူမရဲ့ မျက်နှာ ဘေးတဘက် တချက် ဆီမှာ ကပို ကယို ကျလျှက်ရှိတာမို့ သူမရဲ့မျက်နှာကို သေချာမတွေ့ရဘူး။ ပြီးတော့သူမဟာ ကားတံခါး ကိုပိတ်ပြီး "ဖေဘာ တောင်လမ်း ကိုပို့ပေးပါ" လို့ပြောတယ်။
        ကျွန်တော့် စိတ်ထဲမှာတော့ ဒီကလေး အမေဟာ ဒီအချိန် ကြီးဘာ ကြာင့် ဒီလောက် လူပြတ် တဲ့လမ်းကို သွားချင် ရပါလမ့်လို့ ထူးဆန်း တယ်လို့တော့ ထင်သား။
        ဒါပေမယ့် ကျွန်တော်က စပ်စု တတ်တဲလူ မဟုတ်တော့ သူမ ပြောတဲ့ အတိုင်းပဲ ပို့ပေး လိုက်တယ်။ ဖေဘာ တောင်လမ်း ရောက်ပြီး ကိုက် ၃၀၀ လောက် အရောက် မှာတော့ သူမက ကားရပ်ပေးဖို့ပြော လာတော့ ကျွန်တော် လဲကားကို လမ်းဘေး ချရပ်ပေးပြီး ဘာကြောင့် ရပ်ခိုင်း ပါလိမ့်လို့ စဉ်းစား နေမိတယ်။
လမ်းက အရမ်းမှောင်ပြီး ဘေးမှာလဲ ခြုံပုတ် နဲ့သစ်ပင် တွေပဲ ရှိတာကိုး။
    အဲဒီ နောက်ပိုင်း မှာတော့ သူမှာ ဟာကျွန်တော် ကလေးလို့ ထင်ထားတဲ့ အထုပ် ကလေးကို ကျွန်တော့် ဘေးခုံမှာ လာချပါတယ်။ အဖြူစ လေးနဲပ ဖုံးထားဆဲပေါ့၊ "ကျွန်မ လုပ်စရာလေး ရှိလို့ ကလေးကို ခဏ ကြည့် ပေးထားပါ၊ " လို့ သူမ က ပြောပါတယ်။  သူမဟာ ကားပေါ် က နေဆင်းပြီး  အမှောင်ထဲသို့ တိုးဝင် သွားပါတော့ တယ်။
    ၁၀ မိနစ် လောက် စောင့် အပြီးမှာ တော့ ကျွန်တော် စိုးရိမ်စိတ် ၀င်လာ ပါတော့တယ် ။ တစ်ခုခု ဖြစ် တော့မယ့် ထင်တယ်။ ကလေး ကလဲ စငိုလာပြီ ၊ကျွန်တော် ကားထဲက ထွက်ပြီး ကားမီးရောင် အောက် သွားပြီး သူမကို အော်ခေါ် ပါတယ်။ " အစ်မလေး ကလေး ငိုနေပြီ " ဒါပေမယ့် သူမဘက် က တုံ့ပြန်သံ မကြား ပါဘူး ၊ ကျွန်တော် လက်လျှော့ လိုက်ပြီး ကားပေါ် ပြန် ရောက်တဲ့ အချိန်  မှာတော့ ကလေး က အသံကုန် ဟစ် ပြီး ငိုကြွေး နေပါပြီ။
    အဲဒါနဲ့ ကျွန်တော်  သူကို ပွေ့ ချီပြီး ကလေး မျက်နှာ အပေါ်မှာ အုပ်ထားတဲ့ အ၀တ်စကို ဖယ်လိုက်တဲ့ အချိန် မှာတော့။ ကြောက်လန့် တကြီးနဲ့ အသံကုန် အော်ဟစ် မိပါတော့တယ်။ ကလေး ရဲ့ မျက်နှာဟာ မဲချိတ် နေပြီး အကြေးခွံ တွေလို ဖြစ်နေပါတယ်။ ၀ါထိန် နေတဲ့ မျက်လုံး နှစ်လုံးဟာ ကျွန်တော်ကို စူးစိုက် ကြည့် နေပြီး" အားတီ အားတီ" ဆိုပြီး ကျွန်တော့် နာမည် ကိုရေရွတ် နေပါတယ်။  တစ်ကိုယ်လုံး လဲ ချွေးစေး တွေနဲ့ ရွဲလိုပေါ့ ။ ကျွန်တော် ကြောက်အား တကြီး အော်ဟစ် ပြီး ကလေးကို ကား ပြတင်းပေါက် ကနေ လွင့်ပစ် ပြီး အမြန် မောင်းထွက် လာတာပေါ့။ အဲဒီ အချိန်မှာ သူမကို ကားမီးနဲ့ မြင် လိုက်ရပြီး လမ်းလယ် ခေါင်မှာ လက်နှစ်ဖတ်ကို ဆန့် ပြီး ကျွန်တော်ကားကို လမ်းပိတ် ထားတယ်။ အခုမှ သူမ မျက်နှာကို သေချာ ကြည့်မိတယ် ။ လားလား သူမဟာ သူမရဲ့ ကလေး လိုပဲ ကြောက်စရာ မျက်နှာ နဲ့ မျက်လုံး တွေနဲ့ ကျွန်တော် လဲ ကားကို လီဗာတ အားနင်းပြီး သူမကို ကျော်ပြီး မောင်းခဲ့ တော့တယ်။ တခြား ကားတွေကို မြင်ရ တော့မှပဲ ကျွန်တော် အသက်ရှု မိပြီး သက်ပြင်းချ မိတော့တယ်။
 
ဝန်ခံချက်။ -- True Singapore Ghost Stories 7 မှ Tan Ah Tee ( Taxi driver) ၏ midnight terror အား တက်သရွှေ့ မှတ်သရွှေ့ ဘာသာ ပြန်ခြင်း ဖြစ်ပါတယ်။

No comments: