Oct 20, 2008
အ မြီး
ချစ် သူ့ ကြိမ် စာ
Oct 19, 2008
ရင် ဘတ် ထဲ မှ ထုတ် ပစ် စို့
မ ကြာ သေး မီ က ပြု လုပ်ခဲ့ သော သုတေ သန များ အ ရ သင် ၏ ဒေါ သ များ ကို (အ များ လက် ခံ နိုင် သော နည်း ဖြင့်) ဖော် ထုတ် ခြင်း သည် သင့် အား အ သက် ပို ၍ အ သက် ရှည် စေ နိုင် ကြောင်း သိ ရှိ ရ သည်။
လက် ထပ် ပြီး သော စုံ တွဲ ၁၉၂ တွဲ အား ၁၇ နှစ် ကြာ လေ့ လာ ခဲ့ ရာ တွင် မိ မိ ၏ ဒေါ သ အား ဖော် ထုတ် လေ့ ရှိ သော စုံ တွဲ များ သည် ပို ၍ အ သက် ရှည် ကြောင်း တွေ့ ရ သည်။
၎င်း စုံ တွဲ တို့ တွင် မိ မိ ဒေါ သ ကို မြို သိပ် ထား ကြ သူ စုံ တွဲ များ သည် စော စီး စွာ သေ ဆုံး ကြ ပြီး ၎င်း တို့ ၏ ၂၃ ရာ ခိုင် နှုံး သည် လေ့ လာ ဆဲ ကာ လ တွင်း တွင် လင် မယား နှစ် ဦး လုံး သေ ဆုံး ကြ ခြင်း ဖြစ် သည်။
၆ ရာ ခိုင် နှုံး သည် မိ မိ ၏ ဒေါ သ ကို ဖော် ပြ တတ် သူ များ ဖြစ် သည်။
အ သက် အ ရှညှ်ဆုံး နေ ရ သော စုံ တွဲ များ မှာ မူ အ မျိုး သား က မိ မိ ၏ ဒေါ သ ကို ဖော် ပြ ပြီး အ မျိုး သ မီး က မူ ၎င်း ၏ ဒေါ သ ကို မြို သိပ် သူ များ အ တွဲ ဖြစ် ကြောင်း စိတ် ၀င် စား ဖွယ် တွေ့ ရှိ ရ သည်။
ကိုး ကား။ ။ RDasia (Oct)
ကြက် သွန် ဖြူ
ကြက် သွန် ဖြူ အ စိမ်း သည် သွေး အ တွင်း သွေး ခဲ များ ဖြစ် ပေါ် ခြင်း ကို တားဆီး နိုင် ခြင်း နှင့် သွေး ပေါင် ကို ကျ စေ သော် လည်း လူ အ များ စု သည် ကြက် သွန် ဖြူ ကို ကြော် ချက် ပြီး မှ သာ စား လေ့ ရှိ ကြ သည်။ အမေရိး ကား နှင့် အာ ဂျင်တီး နား ရှိ သိ ပံ ပညာ ရှင် တို့ သည် ကြက် သွန် ဖြူ အ စိမ်း နှင့် ချက် ပြီး ပြုတ် ပြီး သား ကြက် သွန် ဖြူ တို့ ၏အ ကျိုး အာနိ သင် မည် သို့ ကွာ ခြား ပုံ ကို လေ့ လာရန် ဆုံး ဖြတ် ခဲ့ ကြ သည်။ ၎င်း တို့ သည် ကြက် သွန် ဖြူ အား နည်း မျိုး စုံ ဖြင့် အပူ ပေး ခဲ့ သည်။ ၃ မိနစ် ကြာ ပြုတ် ထား သော သို့ မဟုတ် ဖုတ် ထား သော ကြက် သွန် ဖြူ သည် မချက် မပြုတ် ရသေးသော ကြက် သွန် ဖြူ ကဲ့ သို့ ပင် အာနိ သင် ရှိ ကြောင်း တွေ့ ရှိ ခဲ့ ကြ သည်။
ထို့ အ ပြင် ကြက် သွန် ဖြူ အား ထု ခြေ လိုက် လျှင် ပို ၍ အ ကျိုး များ နိုင်ကြောင်း လည်း သိ ရှိ ခဲ့ သည်။ ၎င်း အား ၆ မိ နစ် ခန့် ချက် ပြုတ် ထား သော် လည်း အ ကျိုး အာ နိ သင် မ ပြောင်း လဲပေ။ (ထို့ ကြောင့် ကြက် သွန် ဖြူ အား ထု ခြေ လိုက် လျှင် ကျန်း မာ ရေး အ တွက် အ ထောက် အ ကူ ပြုသော ဓါတ် ပစ္စည်း များ ပို မို ထွက် ရှိ လာ သညး ဟုယူ ဆ နိုင် သည်။) မိုက် ခရို ဝေ့ နှင့် ချက် လိုက် လျှင် မူ ကြက် သွန် ဖြူ ၏ အာ နိသင် များ ပြောက် ဆုံး သွား သည်။
ထို့ ကြောင့် သင် ဟင်း ချက် မည် ဆို လျှင် ကြက် သွန် ဖြူ ကို ဟင်း ကျက် ခါ နီး မှ ထု ချေ ထည့် လျှင် အ ရသာ လည်း ပို ကောင်း ကျန်း မာ ရေး အ တွက် လည်း ပို၍ အ ကျိုး များ နိုင် ပါ သည်။
သို့ သော် ထမင်း စား ပြီး လျှင် ခံ တွင်း နံ့ ပြောက် အောင် စား ဖို့ တော့ လို အပ် ပါ လိမ့် မည်.....
ကိုး ကား။ ။ RD asia (Oct)
Oct 16, 2008
သန်း ခေါငိ ယံ ခြောက် လှန့်ခံရမှု
အဖြစ် အပျက် ကတော့ဗျာ... ကျွန်တော်က ကားဒရိုင်ဘာ ဆိုတော့ ကန်ပုန်ဘာရုလမ်း မှာ ခရီးသည် ရှာတုန်းကပေါ့။ ကားကက်ဆက်လေး ဖွင့်ပြီး သီချင်းတ အေးအေး နဲ့ပေါ့ဗျာ။ အချိန် ကတော့ ည၁၂နာရီ ကျော်လို့ ၂၅မိနစ် တောင်ရှိပေါ့။ အဲဒီမှာပဲ ကျွန်တော့် ကားမီးရောင်နဲ့ တွေ့လိုက်တာက အမျိုးသမီး တစ်ယောက် လက်ရမ်း ပြပြီး ကားကို တားပါလေရော။
သူမဟာ အဖြူရောင် ၀တ်စုံကို ၀တ်ဆင်ထားပြီး ဘယ်ဘက် လက်မှာလဲ တစုံတခုကို သယ်လာပါတယ်။ အ၀တ်စနဲ့ ဖုံးအုပ်ထားတယ်။ ကျွန်တော် ကတော့ ကလေး လေးလို့ ထင်တယ်။
ရှည်လျားလှတဲ့ ဆံပင် တွေဟာ သူမရဲ့ မျက်နှာ ဘေးတဘက် တချက် ဆီမှာ ကပို ကယို ကျလျှက်ရှိတာမို့ သူမရဲ့မျက်နှာကို သေချာမတွေ့ရဘူး။ ပြီးတော့သူမဟာ ကားတံခါး ကိုပိတ်ပြီး "ဖေဘာ တောင်လမ်း ကိုပို့ပေးပါ" လို့ပြောတယ်။
ကျွန်တော့် စိတ်ထဲမှာတော့ ဒီကလေး အမေဟာ ဒီအချိန် ကြီးဘာ ကြာင့် ဒီလောက် လူပြတ် တဲ့လမ်းကို သွားချင် ရပါလမ့်လို့ ထူးဆန်း တယ်လို့တော့ ထင်သား။
ဒါပေမယ့် ကျွန်တော်က စပ်စု တတ်တဲလူ မဟုတ်တော့ သူမ ပြောတဲ့ အတိုင်းပဲ ပို့ပေး လိုက်တယ်။ ဖေဘာ တောင်လမ်း ရောက်ပြီး ကိုက် ၃၀၀ လောက် အရောက် မှာတော့ သူမက ကားရပ်ပေးဖို့ပြော လာတော့ ကျွန်တော် လဲကားကို လမ်းဘေး ချရပ်ပေးပြီး ဘာကြောင့် ရပ်ခိုင်း ပါလိမ့်လို့ စဉ်းစား နေမိတယ်။
လမ်းက အရမ်းမှောင်ပြီး ဘေးမှာလဲ ခြုံပုတ် နဲ့သစ်ပင် တွေပဲ ရှိတာကိုး။
အဲဒီ နောက်ပိုင်း မှာတော့ သူမှာ ဟာကျွန်တော် ကလေးလို့ ထင်ထားတဲ့ အထုပ် ကလေးကို ကျွန်တော့် ဘေးခုံမှာ လာချပါတယ်။ အဖြူစ လေးနဲပ ဖုံးထားဆဲပေါ့၊ "ကျွန်မ လုပ်စရာလေး ရှိလို့ ကလေးကို ခဏ ကြည့် ပေးထားပါ၊ " လို့ သူမ က ပြောပါတယ်။ သူမဟာ ကားပေါ် က နေဆင်းပြီး အမှောင်ထဲသို့ တိုးဝင် သွားပါတော့ တယ်။
၁၀ မိနစ် လောက် စောင့် အပြီးမှာ တော့ ကျွန်တော် စိုးရိမ်စိတ် ၀င်လာ ပါတော့တယ် ။ တစ်ခုခု ဖြစ် တော့မယ့် ထင်တယ်။ ကလေး ကလဲ စငိုလာပြီ ၊ကျွန်တော် ကားထဲက ထွက်ပြီး ကားမီးရောင် အောက် သွားပြီး သူမကို အော်ခေါ် ပါတယ်။ " အစ်မလေး ကလေး ငိုနေပြီ " ဒါပေမယ့် သူမဘက် က တုံ့ပြန်သံ မကြား ပါဘူး ၊ ကျွန်တော် လက်လျှော့ လိုက်ပြီး ကားပေါ် ပြန် ရောက်တဲ့ အချိန် မှာတော့ ကလေး က အသံကုန် ဟစ် ပြီး ငိုကြွေး နေပါပြီ။
အဲဒါနဲ့ ကျွန်တော် သူကို ပွေ့ ချီပြီး ကလေး မျက်နှာ အပေါ်မှာ အုပ်ထားတဲ့ အ၀တ်စကို ဖယ်လိုက်တဲ့ အချိန် မှာတော့။ ကြောက်လန့် တကြီးနဲ့ အသံကုန် အော်ဟစ် မိပါတော့တယ်။ ကလေး ရဲ့ မျက်နှာဟာ မဲချိတ် နေပြီး အကြေးခွံ တွေလို ဖြစ်နေပါတယ်။ ၀ါထိန် နေတဲ့ မျက်လုံး နှစ်လုံးဟာ ကျွန်တော်ကို စူးစိုက် ကြည့် နေပြီး" အားတီ အားတီ" ဆိုပြီး ကျွန်တော့် နာမည် ကိုရေရွတ် နေပါတယ်။ တစ်ကိုယ်လုံး လဲ ချွေးစေး တွေနဲ့ ရွဲလိုပေါ့ ။ ကျွန်တော် ကြောက်အား တကြီး အော်ဟစ် ပြီး ကလေးကို ကား ပြတင်းပေါက် ကနေ လွင့်ပစ် ပြီး အမြန် မောင်းထွက် လာတာပေါ့။ အဲဒီ အချိန်မှာ သူမကို ကားမီးနဲ့ မြင် လိုက်ရပြီး လမ်းလယ် ခေါင်မှာ လက်နှစ်ဖတ်ကို ဆန့် ပြီး ကျွန်တော်ကားကို လမ်းပိတ် ထားတယ်။ အခုမှ သူမ မျက်နှာကို သေချာ ကြည့်မိတယ် ။ လားလား သူမဟာ သူမရဲ့ ကလေး လိုပဲ ကြောက်စရာ မျက်နှာ နဲ့ မျက်လုံး တွေနဲ့ ကျွန်တော် လဲ ကားကို လီဗာတ အားနင်းပြီး သူမကို ကျော်ပြီး မောင်းခဲ့ တော့တယ်။ တခြား ကားတွေကို မြင်ရ တော့မှပဲ ကျွန်တော် အသက်ရှု မိပြီး သက်ပြင်းချ မိတော့တယ်။
ဝန်ခံချက်။ -- True Singapore Ghost Stories 7 မှ Tan Ah Tee ( Taxi driver) ၏ midnight terror အား တက်သရွှေ့ မှတ်သရွှေ့ ဘာသာ ပြန်ခြင်း ဖြစ်ပါတယ်။
Oct 15, 2008
Journey To Lauk Kai ( Northern Shan State, Myanmar)
It is a mountainous state so we can see the panoramic view of beautiful mountains and the apparently small villages between huge mountains.
And also observed the clouds beside us.
So please check it out!....
This photo is the beautiful scene of Lauk kai taken from Ko cant heroin drug elimination museum.
That town is surrounded by huge mountains.
Ko cant and Lauk kai can said to be one region and most of the people says Chinese and use Yuan.
Electricity also from China and we can use China SIM cards.
This is Kwan Lon bridge. Kwan lon was a insecure town but now it has peace and tranquility. Hospitals, markets and it is like a developing town.
This is the historically famous Gote Htate railway bridge.
Oct 14, 2008
တမလွန်မှ ဆရာမ
"သမီး ဂျူးလီ ကြိုး စား ပါ ပြီးတော့ သမီး က ကိုယ့် ကိုယ်ကို ယုံ ကြည် မှုလဲ မရှိ ဘူး " လို့ ကျွန်မ ကို အမြဲပြော တယ်။ ဒါကြောင့် ကျွန်မ ကို ပိုတော် လာ အောင် စာသင်ပေး တယ် ကိုယ့်ကိုယ် ကို ယုံ ကြည် မှုရှိ လာ အောင် လဲ အမြဲ အား ပေးတယ်။ တ ကယ် တော့ သူမ ဟာဆရာမ သက်သက် တင် မဟုတ် ပဲ အား ပေးဖော် သူငယ် ချင်း တ ယောက် လဲ ဖြစ် တယ်။
စနေ နေ့တွေမှာ ဆရာမ ဟာ ကျွန်မ နဲ့ မောင်လေး ကို ခေါ် ပြီး ရုပ် ရှင် လဲ လိုက်ပြ တတ် တယ်။ ကျွန်မ ကတော့ မောင် လေး ပါ ခေါ် လာ တာ ကို သဘော မကျ ပါဘူး ပြေး လိုက် ဆော့ လိုက် နဲ့ သူ့ပဲကြည့်နေရ တော့ ဆရာမ နဲ့ ကျွန်မ စကား ကောင်း ကောင်း မပြော ရတော့ဘူး ပေါ။့ ပြီးတော့ ဆရာမ က မောင် လေး ကို ဂရုစိုက် နေတော့ ကျွန်မ မနာလို လဲဖြစ် မိ တာပေါ့။ ကျွန်မ က ကျွန်မနဲ့ဆရာမ နဲ့ ၂ ယောက် တည်း ပဲ သွား ချင် တာ လေ။
ရောက် လေရာ နေရာ တိုင်း ယောင်္ကျား တွေ က ဆရာမ ကို ပေါ် တင် ရောမသိ မသာ ပါ ငမ်း ကြတယ်။ တ ယောက် ဆိုရင် လာပြီး ရော တယ်။ ဆရာမ က စိတ် မဝင်စား တော့ ယဉ် ယဉ် ကျေး ကျေး ပဲ ငြင်း လိုက် တယ်။ ကျွန်မ ဆရာမ ကအဲ လို သိက္ခာ ရှိ တဲ့မိန်း ကလေးပေါ့။
ဆရာမ က ခရိယျာန် ဘာသာ ဝင် ဆို တော့ ကျွန်မ ကို တနင်္ဂနွေနေ့ တိုင်း ဘုရား ကျောင်း ကို ခေါ် သွား တယ်။ အမေ က အဲဒီ အချိန် က စပြီး ဆရာ မ ကို သဘော မကျ တော့ဘူး ။ ကျွန်မတို့ တစ် မိ သား စု လုးံ က ဗုဒ္ဒ ဘာသာ ဝင် တွေမို့လေ ။ ကျွန်မက အဲ ဒါတွေကို ဂရုမစိုက် ပါ ဘူး ။ ဘုရား ကျောင်း မှာ သီချင်းဆို တဲ့ ဆရာမ ရဲ့ အသံ ကို ကျွန်မ အ ရမ်း သဘော ကျ တယ်။ ပြီးတော့ ဆရာမ လည် ပင်း မှာ ရွှေ လက် ဝါးကပ် တိုင် လေး လဲ ဆွဲ ထား တယ်။ ကျွန်မ အရမ်း လို ချင် လို့အ ဖေ့ ကို ပူ စာ တော့ ....
"ဘုရား ရေ လက် ဝါး ကပ်တိုင်? ဘာလဲ? ညည်း ဆရာမ ဆွဲ ထား တာ မျိုး လား? အဲ ဒါက ညည်း နဲ့ဘာဆိုင် လို့လဲ သူက သူ ဘာသာ မို့ သူ ဆွဲ တာ။
ပြီး တော့ အဲလို သေး သေး မွှား မွှားတွေ ကို ပိုက် ဆံမရှိ တဲ့ ငမွှဲ တွေပဲ ဂုဏ် လုပ်ပြီး ဝတ် ကြတာ။ ကိုယ့်စာ ပဲ ကိုယ် အာရုံ စိုက်။ စာမေး ပွဲအောင် ရင် ရွှေ ဆွဲ ကြိုး ကြီး ကြီး တုတ် တုတ် ကြီး လုပ် ပေး မယ်။ ဟုတ်ပြီ လား?" ဆို ပြီးဆူ လိုက်တာ အ ရမ်း ပဲ။
အဲဒီလို သူများ ကို နှိမ်ရ ပါ့ မလား ဆို ပြီး အ ဖေ့ကို စိတ်ဆိုး တယ်။ အဖေ က တခါတလေ မာနကြီး ချင်တယ်။ ဆရာမ မှာငွေ မ ရှိလို့ အဖေက အ ထင် သေး တာကို လဲမုန်း တယ်။ လူတွေဟာငွေမ ရှိရင် တန်းဖို မရှိ တော့ဘူး တဲ့လား? ငွေနဲ့ စာရိတ္တ က တခြား ဆီပါ။
တနင်္ဂနွေတစ် နေ့ဘု ရား ကျောင်း က အ ပြန် ဆရာမ ချောင်း ဆိုး တော့ သွေး တွေပါ လာ တယ်။ ကျွန် မ စိတ် တွေပူ ပြီး ဘာ လုပ် ရမယ် မှန်း မသိ တော့ အနီး အ နား က လူတွေက ဆရာမ ကို ဆေး ရုံ ပို့ ပေး ကြတယ်။ ဆရာ ဝန် ကပြောတယ် ဆရာမ မှာ TB ရော ဂါရှိနေ ပြီ တဲ့လေ။
ကျွန်မ ချစ် တဲ့ ဆရာမ နဲ့ ခွဲရတော့ မယ်။ ဘာ လို့လဲ ဆို တော့ ဆရာမ ရဲ့ရောဂါ က ကူး စက် ရောဂါဆို တော့ ကျွန်မ ကို စာသင် ပေး ဖို့ဆို တာ မဖြစ် နိုင် တော့ ဘူးလေ။ အမေက နောက် ကျူရှင် ဆရာ တစ်ယောက် ခေါ် ပေး မယ် ဆိုတော့ "မလို ချင်ဘူး.. မလို ချင်ဘူး.. သမီး ရဲ့ ဆရာမ က ဆရာမ စနိုးပဲ" ပြော ရင်းနဲ့ မျက် ရည်တွေ က ပါး တဘတ် တချက် ကနေ ကျလာ တယ်။ စိတ် ထဲမှာ ဝမ်း နည်းနေ တာပဲသိ တယ်။
အဲဒါ နဲ့ အစမ်း စာမေး ပွဲတွေမှာ ကျွန်မ ကျပါလေရော။ အဲဒီ တော့ အမေ က အတင်း နောက် ဆရာ တယောက် ရှာပေး တယ်။ အခုတစ် ခေါက် တော့ ဆရာမ မ ဟုတ်တော့ဘူး ။ ဆရာ။ သူ့ကို မုန်းလွန်း လို့ သူ့နာမည် တောင် ပြောမ ပြ ချင် ဘူး။
အခု ဆရာ က စိတ်ထား သိပ်မ ကောင်းဘူး။ စာ သင်တာကို လဲတာ ဝန်တခု လိုပဲ သဘောထား ပြီး ကျွန်မ အ ပေါ် လဲ စေတနာ မထား ဘူး။
ပိုက်ဆံရ ဖို့ ပဲတွေးတယ် လာတော့ နောက်ကျ မှ လာပြီး ပြန် တော့ စောစော ပြန်တယ်။ ရောက်လာပြန် ရင်လဲ စာကောင်း ကောင်း မသင်တဲ့ အပြင် နာရီ ဝက် တခါ အပြင်ထွက် ပြီး ဆေးလိပ် သောက်တယ်။ ဆေးလိပ် မသောက် ရရင် မနေနိုင် ဘူးတဲ့လေ။
သူတစ် ခါပြော ဘူးတယ်... "ဖြေနိုင် ရင် အောင် မှာပေါ့... မဖြေနိုင် ရင်ကျမှာပေါ့ ။ ဒါပဲ ရှိတာ ငါ ကဘာလုပ် ပေးရမှာလဲ မင်း အစား ဝင် ဖြေပေး ရမှာလား" တဲ့လေ။ ကျွန်မဖြင့် သူ့ဆီ က အဲလို စကား မျိုး ကြား ရလိမ့် မယ် လို့ထင် မထားမိ ဘူး။ အံ့လဲ အံ့သြတယ် ရင်ထဲမှာလဲ နာကြည်း သွား တယ်။ အမေ့ ကို ပြောပြ တော့ စာမေးပွဲ ကြီး နီးလို့ ဆရာပြောင်း လို့ မဖြစ် နိုင်တော့ ဘူးတဲ့။ ကျွန်မပဲ အရှူံး ပေး လိုက်ရ တယ်။
အဲလိုနဲ့ စာမေး ပွဲကြီး ရောက်လာ တယ်။ သင်္ချာကို နောက်ဆုံး မှဖြေရ မှာ။ သင်္ချာ မဖြေခင် ညမှာ ကျွန်မ စိတ်တွေ လှုပ်ရှား လွန်း ပြီး ဘယ်လို မှ အိပ် လို့ မရဘူး။ မေး ခွန်း ဟောင်း ပြန်ကြည့် ဖို့ စဉ်း စား မိတော့ လဲ ည အိပ် ရေး ဝ မှ မနက်မှာ လန်း လန်း ဆန်း ဆန်း နဲ့ ဖြေ နိုင် မှာ ဆိုပြီး ပြန် အိပ် တော့ လဲအိပ်လို့ မရပြန်ဘူး။
တစ်အိမ် လုံး ကတော့ အိပ် မော ကျ နေ ကြပြီ။ ရုတ် တရက် တံခါး ဘဲလ် သံကြား ရ တော့ အချိန် မတော် ဘယ် သူများ လဲလို့ ကြည့် တော့... ကျွန်မ ချစ် တဲ့ ဆရာမ ဖြစ် နေ တယ် "ဆရာမ နဲနဲ သက် သာလာ တာ နဲ့ သမီး ကို စိတ်ပူ လို့ လာခဲ့ တာ" ကျွန်မ လဲ ဝမ်း သာ အား ရနဲ့ ဆရာမ ကို အိမ် ထဲ ခေါ် ပြီး စကား ပြော ကြ တယ်။ ဆရာမ ဟာ ကျန်း မာ ရွှင်လန်း နေ တယ်။ ဒါပေ မယ့် အရင် ကလောက်တော့ မလှတော့ ဘူး။ အဲဒါ က ကျွန်မ အတွက် အရေး မကြီး ပါ ဘူး။
သမီး အာလုံး ကသမီး တွက် ပြီးသား ပုစ္ဆာ တွေပဲ... ကိုယ့် ကိုယ် ကို ယုံကြည် ပါ... သမီး ဖြေနိုင်မယ် လို့ ဆရာမ ယုံ တယ်..." ဘာလို့လဲဆို တော့ ဆရာမ သမီး ကိုယုံ လိုလေ အဲဒီ လိုပြော ပြီး သူ့ လည် ပင်း မှာ ဆွဲထား တဲ့ ရွှေ လက် ဝါး ကပ် တိုင် လေး ကို ကျွန်မ ကိုပေး တယ်။ ကျွန်မ အံ့လဲ အံ့သြ ဝမ်း လဲ ဝမ်း သာမိ တယ်။
" ဒါ လေးယူ ထား သမီး ဒါလေး က သမီး ကို ကိုယ့် ကိုယ် ကို ယုံ ကြည် မှုရှိ စေ ပြီး ကံလဲ ကောင်း စေ မှာပါ " ဆရာမ နဲ့ စကား ပြော လိုက် ရတော့ ကျွန်မရဲ့ ကြောက် စိတ် တွေလဲ ဘယ် ရောက်သွာ မှန်း မသိ တော့ပါ ဘူး။ အဲဒီ ညက ဆရာမပြန် သွားတော့ ကျွန်မ ချက် ချင်းပဲ အိပ် ပျော်သွား တော့ တယ်။
နောက် နေ့မနက် အိပ် ရာ နိုး တော့လန်း ဆန်း တက် ကြွပြီး စိတ် တွေလဲ ပေါ့ ပါးလို့ပေါ့။ စာမေးပွဲ ကလဲ ကျွန်မ သိတာတွေ ပဲ မေး တယ် လို့ထင် ရလောက် အောင် လွယ် ကူ စွာ နဲ့ ဖြေ နိုင်ခဲ့တယ်။ ကျွန်မ မေး ခွန်း အားလုံး နီးပါး ကို မှန် အောင် ဖြေနိုင် ခဲ့ တယ်။ အောင်ဖို့ကတော့ ကြိမ်း သေပြီပေါ့။
ကျွန်မ အရမ်း ပျော် တာပေါ့။ ဆရာမ က ကျွန်မ အလို အပ် ဆုံး အချိန် မှာ ရောက် လာခဲ့ လို့ပေါ့။ အားလုံး ဆရာမ ကျေးဇူး တွေပဲပေါ့။ ဒါနဲ့ အိမ် ရောက် တော့ အမေ့ ကို ပြော ပြပြီး ဆရာမ ဆီ သွား ရအောင် ပြီး ရင် ဆရာမ နဲ့အ တူတူ တခုခု သွား စားရအောင်လို့... " မဖြစ် နိုင်ဘူး သမီး အမေ တို့သမီး ကို စာမေး ပွဲတွင်း မို့ စိတ် ဆင်း ရဲမှာ စိုး လို့ ပြောမပြ တာ " လို့ အမေကပြော တယ်။
" ဘာဖြစ် လို့လဲ အမေ သမီး ကို ပြော ပါ... သမီး ကို ပြော ပြပါ... " ကျွန်မ ရင်ထဲမှာ ဆို့ နင့် လာပြီး မျက် ရည် တွေလဲ အလို လို ကျ လာ တယ်။ သတင်း ဆို ဖြစ် လိမ့်လို့ စိတ် ထဲက အ လိုလို ထင်နေတယ်။ သမီး ရဲ့ ဆရာမ TB ရောဂါနဲ့ ဆုံးသွား တာ၂ ပတ် တောင် ရှိပြီတဲ့။
" မဖြစ် နိုင် ဘူး..... လုံးဝ မဖြစ် နိုင်ဘူး... " လို့ ကျွန်မ အော်ဟစ် ရင်း လုံး သ တိလစ် သွား တော့တယ်။
ကျွန်မ သတိရလာ တော့ စာမေးပွဲ မဖြေခင် ညက ဆရာမ သမီး ဆီသွား လာတဲ့ အကြောင်း အဖေ နဲ့အမေ ကို ပြော ပြ တော့ သူတို့ လန့်သွား ကြတယ်။ အဖေက ကျွန်မ ကယောင် ကတမ်း နဲ့ စိတ် ပင်ပန်း လို့ အိမ် မက် ကို စိတ်စွဲ ရာ မက်တာ လို့ပြော တယ်။ မ ဟုတ် ဘူး ဆရာမ သမီး ဆီကို တကယ် လာ ခဲ့တာလို့ ကျွန်မ ငြင်း တယ်။
" သမီး ဒီလို အဓိ ပ္ပာယ် မရှိ တာတွေ ကို ဆက်ပြောနေ ဦး မယ် ဆိုရင် အဖေ တို့ သ မီး ကို ရိုက် ရလိမ့် မယ် " လို့ ပြော ရ တဲ့အ ထိ ပေါ့။
ကျွန်မ စိတ်အ ရမ်း ဆိုးပြီး တ ကိုယ် လုံး လဲ တုန် ယင် လာတယ်။ ငိုချင် စိတ် ကိုလဲ မနဲ ထိန်း ထား ရတယ်။ ကျွန်မ မ မှား ဘူး။ ဆရာမ ကျွန်မ ဆီ တကယ် လာခဲ့တာလေ။ ရုတ်တရက် ကျွန်မ အင် အား တခုခု ကို ရလိုက်သလို ဖြစ် ပြီး စိတ်လဲ နဲနဲ ငြိမ် လာ တယ်။ ဆရာမ ပေး ထား ခဲ့ တဲ့ လက်ဝါး ကပ် တိုင် လေး ကိုလက် နဲ့ စမ်း မိ တယ်။
သမီး မ လိမ်ဘူး အိပ်မက် မက် တာ လဲ မ ဟုတ် ဘူး ဆို တာ ကို သမီး သက် သေပြ မယ် ဆိုပြီး အဲ ည ကဆရာမ ပေး ထာ ခဲ့ တဲ့ ရွှေလက် ဝါး ကပ်တိုင် လေး ကိုပြ လိုက် တယ်။
အဖေ နဲ့ အ မေ လဲ ကြက် သေ သေ ပြီး ဘာမှ မပြော နိုင် ကြ တော့ ဘူး...
ဆရာမ TB ရော ဂါ စဖြစ် က တည်း က ဆရာမ နဲ့ အ ဆက် အသွယ် မရှိတော့ တာ သူတို့ အ သိပဲကိုး ......
Ture Singapore Ghost Stories 7 မှ Julia Ho (14 years, student) အား ဘာ သာပြန်ခြင်း ဖြစ် ပါသည်။
Oct 12, 2008
Beginning
think about it later.
should I translate more ghost stories?
or other stories?
for me I can't compose poems or novels I can just translate.
:P